တစ်ချို့သူတွေဟာ တစ်ခါတစ်လေကျရင် ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ညံ့ဖျင်းတာကို တွေ့ရပါလိမ့်မယ်။
တစ်ခါတစ်လေကျရင်လည်း အများတကာနဲ့ အံဝင်ခွင်ကျမဖြစ်တာကိုလည်း တွေ့ရပါလိမ့်မယ်။
အဲ့ဒီလိုဖြစ်တဲ့လူတော်တော်များများဟာ သူတို့ရဲ့လိုအပ်ချက်ထက် သူများတကာကို အရင်ဆုံးအပြစ်မြင်တတ်ကြပါတယ်။
သူ့ကျတော့ ဘယ်လိုဆက်ဆံတယ် ငါ့ကျတော့ ဘယ်လိုဆက်ဆံတယ် ဆိုပြီး Depression ၀င်တတ်ကြပါတယ်။
ပြီးရင် သူတို့တွေက သူများတွေသူတို့ပေါ် ဆက်ဆံရေးပြောင်းလဲဖို့ကို အရမ်းကြီး စိတ်ထဲထည့်ထားတတ်ကြပြီး
သူတို့ကို အလေးထားဖို့ ဆိုပြီး အမြဲလိုလို တစ်မျိုးမဟုတ်တစ်မျိုး ပြုမူနေတတ်ကြပါတယ်။
အမှန်ဆို သူတို့တွေပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျမဖြစ်ရချင်းက ပတ်ဝန်းကျင်က သူတို့ကို လက်မခံနိုင်တာထက်
သူကပတ်ဝန်းကျင်ကလူတွေနဲ့ Type ချင်းတူအောင် အံဝင်ခွင်ကျဖြစ်အောင် ဘာလို့မနေနိုင်တာလဲဆိုတဲ့
ကိုယ်ပိုင်ချို့ယွင်းချက်ကို အရင်နားလည်အောင် မလုပ်နိုင်တာများတယ်။
သူများကကိုယ့်ကို နားလည်ဖို့ကြိုးစားရင်းနဲ့ပဲ လူတွေနဲ့ပိုဝေးလာကြတာကို သူတို့တွေ မသိကြဘူး။
တစ်ချို့တွေမှာ မွေးရာပါချစ်မွှေးပါကြတယ်ဆိုရမလား ။ သူဘာပြောပြော ဘာလုပ်လုပ် လူတွေက လက်ခံသဘောကျကြပါတယ်။
တစ်ချို့ကျတော့ မွေးရာပါ မေတ္တာတုံးလောက်အောင်ကို ဘာပြောပြော အဆင်မပြေတာ၊ သူပြောရင်ကို လက်မခံကြတာ။
သူ့ဆို ဖယ်ကျဉ်ထားတာ ရှိကြပါတယ်။ ဒီလိုလူမျိုးတွေမှာ ဆိုက်ကိုအနည်းငယ်ဖြစ်ဖို့ အလားအလာပိုများပါတယ်။
သူများနဲ့ယှဉ်ပြီး သူလိုက်လုပ်နေရတာ နည်းလမ်းလွဲတွေကြောင့် လူတွေပိုအမြင်ကတ်ရတာတွေရှိပါတယ်။
တကယ်တမ်း ကိုယ့်ကိုလူတွေလက်ခံဖို့ဆိုတာ ကိုယ့်ကိုယ်ကို အရင်ဆုံးနားလည်အောင် ကြိုးစားပါ။
ငါဘာတွေလိုအပ်နေလဲ၊ သူ့ကိုလူတွေက ဘာကြောင့်ချစ်ကြသလဲဆိုတာကို ကြည့်နေတာထက် သူကလူတွေချစ်အောင်
ဘယ်လိုနေသလဲဆိုတာလေးနဲ့ ကိုယ့်ရဲ့မကောင်းတဲ့ အမူအကျင့်လေးတွေကို တဖြည်းဖြည်းဖျောက်သင့်ပါတယ်။
သူများကိုယ့်ကိုလက်ခံဖို့ချည်း အတွေးတွေနဲ့ ပူလောင်ပြီး ယောက်ယက်ဖတ် ဖြစ်နေတာက လူအမြင်ကတ်စေတာကိုလည်း သတိပြုမိပါစေ။
နောက်ပြီး ကိုယ့်ကိုလူတွေက အပေါင်းသင်းမလုပ်ချင်တဲ့အပေါ်မှာ အရမ်းကြီး လိုက်ခံစာနေတာထက် ။
ကိုယ့်ကိုယ်ကို အရင်ဆုံးပေါင်းသင်းကြည့်ပါ။ ပြုပြင်ကြည့်ပါ။ ပြီးမှ သူများတွေနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်ကြည့်ပါ။
ချစ်တဲ့ ... မနုဿ
Credit : မနုဿ ရဲ့ စာမျက်နှာလေးများ

Comments
Post a Comment