
ကော့သောင်း၊ စက်တင်ဘာ ၂၁ ကော့သောင်းမြို့ ၊ ပိတောက်ရွှေဝါရပ်ကွက် ၊ ရွှေမင်းဝံဗဟိုလမ်း ရှိ ကောင်းလှိုင် တည်းခိုခန်း အခန်းအမှတ် ( ၁၄ ) တွင် စက်တင်ဘာလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင် အချိန်၌ အမျိုးသမီးတစ်ဦးသည် သုံးပေခန့်မြင့်သော ပြတင်းပေါက်ဘောင်တွင် လျှပ်စစ်မီးကြိုးဖြင့်ချည်ပြီး မှောက်လျှက် လျှောချ အနေအထားဖြင့်ကြိုးဆွဲချသေဆုံးနေကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။ "လက်ရှိမှာတော့ သူ့မိဘတွေရှိတဲ့ မြိတ်မြို့ကို အကြောင်းကြား ထားပါတယ်။ ဓမ္မတာအတိုင်းသေတာလား ဒါမှမဟုတ် ဘာကြောင့်သေတာလဲ ဆိုတာကိုတော့ စစ်ဆေးနေတုန်းပါ။ သူရေးခဲ့တဲ့ စာထဲကအတိုင်းဆိုရင်တော့ သူ့ကောင်လေးဆီ လာတွေ့ရင်းနဲ့သေဆုံးတာဖြစ်တဲ့အတွက် သူ့ကောင်လေးကိုလဲ ရှာဖွေနေပါတယ်။ စာထဲမှာက ကိုအောင်ကိုမင်းကို အချစ်ဆုံးပါ။ ကို့အနားမှာ လိပ်ပြာအဖြစ်အမြဲရှိနေမယ် ဆိုပြီးရေးထားပါတယ် " ဟု ကော့သောင်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည် ။ အဆိုပါ သေဆုံးသူ အမျိုးသမီးမှာ အသက် (၁၉) နှစ်အရွယ် မဆောင်းနှင်းဖြူ (ဘ)ဦးထွန်းဝင်း ဖြစ်ပြီး ၊ မြိတ်မြို့၊ကြောင်ငယ် ရပ် တွင် နေခိုင်သူ ဖြစ်ကြောင်း တည်းခို ခန်းမှတ်တမ်းများအရ သိရသည်။ ယင်းအမှုနှင့်ပတ်သက်ပြီး ကော့သောင်းမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၉/၂၀၁၆ ဖွင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧကရီကျော်
ဓာတ္ပုံ - Aung Zaw Min Tun



Comments
Post a Comment