ကြိုသိမထားတော့ ပိုပြီးအံ့သြပျော်ရွှင်ရတာပေါ့။
မင်းသမီးလေး ကင်ယူဂျောင်ရဲ့မွေးနေ့ပွဲကို လုပ်ဖော်ကိုင်ဖက်တွေက ရိုက်ကွင်းပေါ်မှာ ကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။ လက်ရှိလူကြိုက်များနေတဲ့ Moonlight Drawn by Clouds ရိုက်ကူးရေးအဖွဲ့သားတွေက သူမကို ကြိုပြောမထားဘဲ မွေးနေ့ပွဲလုပ်ပေးခဲ့ကြတာပါ။
မွေးနေ့ဆုတောင်းနဲ့အတူ ပန်းစည်းကြီးကို လက်ခံရရှိလိုက်လို့ ကင်ယူဂျောင်က အံ့သြပြီး ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပါတယ်။ အားလုံးပြုံးရွှင်စွာနဲ့ သူမကို ဂုဏ်ပြုစကားဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ကင်ယူဂျောင်ကို ၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ မွေးဖွားခဲ့တာဖြစ်လို့ ယခုမှ အသက် ၁၇ နှစ် ပြည့်တာဖြစ်ပါတယ်။
Source : Soompi



Comments
Post a Comment