လူတစ်ယောက်ကို နာကျည်းလွန်းလို့ ကလဲ့စားချေဖို့ ကြိုးစားကြတဲ့သူတွေရှိကြပါတယ်


တစ်ချို့တွေက တစ်ဘက်သူအထိနာဖို့အတွက် ဦးတည်ပြီး ဘက်ပေါင်းစုံကနေ ဦးတည်ပြီး ထိုင်စဉ်းစားနေတတ်ကြပါတယ်။
တစ်ချို့တွေကတော့ ရေရှည်စီမံကိန်းဆွဲပြီး သွေးအေးအေးနဲ့ စီစဉ်တတ်ကြပါတယ်။

တကယ်တမ်း လူတစ်ယောက်ကို အကောင်းဆုံးကလဲ့စားချေချင်ရင် ကိုယ့်ကိုယ်ကို မွမ်းမံပြီး အမြင့်ဆုံးတက်ပြနိုင်တာက အကောင်းဆုံး မဟုတ်ဘူးလား။

ဒါက သူ့တွက် နေ့နေ့ညည ၊ ရက်လရှည်ကြာ ပူပန်ပြီး အငြိုးတွေနဲ့ ပူလောင်ပြီးစဉ်းစားနေရတာထက် အကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်။

သူ့တွက် စီမံကိန်းတွေဆွဲနေတာထက် ကိုယ့်ဘ၀တွက် အကောင်းဆုံးစီမံကိန်းတစ်ခုကို ရေးဆွဲကြည့်ပါ။
 ပြီးရင် အတောက်ပဆုံးဖြစ်အောင် အကောင်ထည်ဖေါ်ပါ ။ သင်အမြင့်ဆုံးတက်နိုင်တဲ့တစ်နေ့ အပေါ်တစ်နေရာကနေ
သူ့ကိုတစ်ချက်လှမ်းကြည့်နိုင်ရင်ကိုပဲ သင်သူ့ကို အကောင်းဆုံး ကလဲ့စားချေလိုက်နိုင်ပါပြီ။

အဓိကနဲ့သာမည ကိုခွဲခြားစဉ်းစားတတ်ပြီဆိုရင် သင်ဟာအမြင့်ရောက်ဖို့ နီးစပ်နေပြီလို့ ဆိုလို့ရပါတယ်။
ချစ်တဲ့ ... မနုဿ

Credit : မနုဿ ရဲ့ စာမျက်နှာလေးများ

Comments