အမျိုးသမီး၌ရာသီလာနေပါက လိင်ဆက်ဆံမှုပြုရန်(၁၈နှစ်​ပြည့်​မှဖတ်​ပါ)


အမျိုးသမီး၌ရာသီလာနေပါက လိင်ဆက်ဆံမှုပြုရန် ယောက်ျားတိုင်းလိုလိုပင် ဝန်လေးတတ်ကြပါသည်…။အကြောင်းမှာ ရာသီလာခြင်းသည် လိင်အင်္ဂါများမှ အညစ်အကြေး ၊ မကောင်းသောသွေးများဆင်းခြင်းဟု ထုံးတမ်းအစဉ်အလာအရ ယူဆယုံကြည်ထားသောကြောင့်ဖြစ်သည်။

အမှန်အားဖြင့် ရာသီလာခြင်းမှာ မိန်းမကိုယ်မှအညစ်အကြေး ၊ သွေးများစွန့်ထုတ်ခြင်းမဟုတ်ပဲ သဘာဝ အရပဋိသန္ဓေ မရှိ၍ သားအိမ် အတွင်းမှေး ကြွေကျခြင်း သာဖြစ်သည်…။
သို့ဖြစ်၍ ရာသီလာခြင်းကို မည်သို့မျှရွံရှာ စက်ဆုပ်စရာအကြောင်းမရှိပေ…။

မိန်းမသဘာဝအရ ရာသီမလာမှီနှင့် လာနေစဉ်ကာလအတွင်း မိန်းမ၏လိင်အင်္ဂါများသည် သွေးဖြင့်ပြည့်လျက် ဖောင်းနေတောင့်တင်းနေတတ်ပါသည်။
လိင်အင်္ဂါများ တောင့်တင်းတိုင်း လိင်စိတ်ထကြွတတ်ရာ ဤအချိန်များ၌ မိန်းမတို့၏ ကာမဆန္ဒစိတ်သည် ပိုမိုတက်ကြွကြပေသည်။ သို့ပါ၍ ရာသီလာ နေစဉ်ကာလအတွင်း မိန်းမတို့၏ သွေးသားဆန္ဒ လိုအပ်ချက်အရ လိင်ဆက်ဆံမှုကို ကြိုဆိုတောင့်တ နေတတ်ကြပေသည်။ ရာသီလာနေစဉ် အတောအတွင်း လိင်ဆက်ဆံဖို့ အခြေအနေမပေးပါက အနည်းဆုံး သူစိမ်းယောက်ျား တစ်ယောက်နှင့် ပွတ်သီး ပွတ်သပ်နေလို ခြင်းတော့ဖြစ်တတ်ပေသည်…။

သို့ရာတွင် ရာသီလာစဉ်လိင်ဆက်ဆံမှုပြုပါက မိန်းခလေးများအနေဖြင့် အောက်ပါအချက်များကို
သတိပြုရ ပေမည်..။

၁- သွေးဖြင့်တင်းနေသောမိန်းမလိင်အင်္ဂါများသည် လိင်ဆက်ဆံမှုပြုခြင်းကြောင့်
 သွေးပိုမိုများလာပြီး ရာသီ သွေးပိုဆင်းနိုင်ပါသည်။

၂- သွေးသည်ရောဂါပိုးများအတွက် အစာလည်းဟုတ် ၊ တွယ်ကပ်နေရန်နေရာတစ်ခုလည်းဟုတ်ပေရာ ရာသီလာစဉ်လိင်ဆက်ဆံပါက မိန်းမအင်္ဂါများထဲသို့ ရောဂါပိုးများဝင်ရောက်ရန် အထူးလွယ်ကူပါသည်။ သို့ပါ၍ ရာသီလာစဉ်လိင်ဆက်ဆံမှုပြုချင်ကြသော မိန်းမသားတို့အနေဖြင့် မိမိနှင့်လိင်ဆက်ဆံသော ယောက်ျား၏ လိင်တံမှာ ကျန်းမာသန့်စင်ဖို့လိုပါသည်။ ရောဂါပိုးများ မခိုမကပ်ပဲ ကင်းစင်နေအောင် လိင်ဆက်ဆံမှု မပြုမီ နှစ်ဦးစလုံးစင်ကြယ်သန့်စင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့လိုပါသည်။ မိန်းမဖြစ်သူ၏ လိင်အင်္ဂါများ မထိခိုက် မပွန်းပဲ့စေရန် ညင်သာစွာ ဆက်ဆံသောနည်းကို သုံးရပါမည်။

၃- ရာသီမလာမီ လိင်ဆက်ဆံပါက သားအိမ်ထိခိုက်လှုပ်ရှားစေနိုင်သော မိန်းမမှောက်ခုံ ၊ လေးဘက် ထောက်(Doggy Style)စသည့်ပုံစံများဖြင့် မဆက်ဆံသင့်ပါ။ (ထိုသို့ပြုလုပ်ပါက မိန်းမ၏ တင်ဆုံကွင်း အတွင်းသွေးပိုမိုဝင်စေသဖြင့် ရာသီလာသောအခါ သွေးပိုမိုဆင်းတတ်ပေသည်။

၎- လာရိုးလာစဉ်ထက်သွေးပိုမိုဆင်းနေပါက စိတ်ဆန္ဒပြင်းပြနေသော်လည်း လိင်ဆက်ဆံမှုကို လုံးဝရှောင် ကြဉ်ရပေမည်။ မနေနိုင်၍ လိင်ဆက်ဆံဖြစ်ပါက ပိပိအတွင်းသို့ လိင်တံနက်ရှိုင်းစွာ ဝင်စေသောနည်းကို ရှောင်ကြဉ်ရပါမည်။ (ဤအချက်ကို မလိုက်နာပါက ရာသီအလာ မရပ်ပဲသွေးဆင်း လွန်နိုင်ပါသည်။)

၅- မီးနီဖြတ်(ရာသီလာစဉ်လိင်ဆက်ဆံ)ပါက မဆက်ဆံမီနှင့်ဆက်ဆံပြီးစတွင် နှစ်ဦးစလုံး၏လိင်အင်္ဂါများ ၊လိင်အင်္ဂါများပတ်လည်တဝိုက်နှင့် လက်များကို ဆပ်ပြာ ၊ ရေနွေးများဖြင့် စင်ကြယ်အောင် ဆေးကြော သုတ်သင် ရပါမည်။ ဤသို့သန့်ရှင်းပေးပါမှ မိန်းမ၏လိင်အင်္ဂါများအတွင်းသို့ ရောဂါပိုးများ ဝင်ရောက်ပျံ့နှံ့ခြင်းကို ကာကွယ်နိုင်သကဲ့သို့ ယောက်ျားဖြစ်သူ၏ ကိုယ်အစိတ်အပိုင်းကိုလည်း ရာသီသွေးမပေစေပဲ သန့်ရှင်း စင်ကြယ် စေမည်ဖြစ်သည်။ ရောဂါပိုးမဝင်အောင် ကွန်ဒုံစွတ်၍မဆက်ဆံသင့်ပါ..။  အကြောင်းမှာ ၎င်းကွန်ဒုံများသည် ရောဂါပိုးမဝင်ရောက်စေရန် အကာအကွယ်မဖြစ်သည်သာမက နူးညံ့သောယောနိကို လည်း အလွယ်တကူပွန်းပဲ့စုတ်ပြဲစေနိုင်သဖြင့် ရောဂါပိုးပိုမိုကူးစက်စေနိုင်ပါသည်။

၆ မိန်းမ၏လိင်အင်္ဂါဇာတ် ၊ နှုတ်ခမ်းသားများနှင့် လိင်စေ့ကို ပွတ်တိုက်လှုံ့ဆော်၍ ဆက်ဆံမှုမပြုသင့်ပါ။ ယောနိအင်္ဂါအတွင်းသို့လည်းလက် ဖြင့်နှိုက်၍မလှုံ့ဆော်သင့်ပါ။ လှုံ့ဆော်ပါက အထက်ပါအင်္ဂါများ ဒဏ်ရာရ ပွန်းပဲ့စေနိုင်ပါသည်။ ၇ - လိင်ဆက်ဆံမှုပြုစဉ် ခပ်ကြမ်းကြမ်း မဆက်ဆံသင့်ပဲ ညင်သာစွာ ဆက်ဆံရပေမည်။ ခပ်ကြမ်းကြမ်း ဆက်ဆံပါက ရာသီသွေးပိုမိုဆင်းနိုင်ပါသည်။ မိန်းမဖြစ်သူတွင် ခါးလည်းနာနိုင်ပါသည်။ သို့ရာတွင် ရာသီလာစဉ် လိင်ဆက်ဆံပါက သာမန် အချိန်ဆက်ဆံမှုနှင့် မတူပဲ အမျိုးသမီးများအနေဖြင့် ထူးကဲသော ခံစားမှုအရသာများကို ရရှိနိုင်ပေသည်။ သို့ဖြစ်၍မိန်းမအတော်များများသည် ရာသီလာစဉ် လိင်ဆက်ဆံလိုစိတ် အထူးရှိကြကြောင်း တင်ပြလိုက်ရပေသည်။

Credit > Myanmar Magazine

Comments