တခါတရံ ပုံမှန်မဟုတ် ပင်ပန်းနွမ်းနယ်နေရခြင်း အကြောင်းအရင်း (၄) ခု


မိမိပြုလုပ်နေဆောင်တဲ့အရာ သို့မဟုတ် မလုပ်ဆောင်မိတဲ့ အရာတချို့က ခန္ဓာကိုယ်ကို ချိနဲ့အားနည်းစေပြီး
တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေစေတတ်တာ သတိထားမိပါသလား။
ဒီလိုတွေ ဘာ့ကြောင့်ခံစားနေရသလဲဆိုပြီး စိတ်ပူနေသူတွေအတွက် ဒီလိုဖြစ်နေရတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးရရင်ဖြင့်

ခန္ဓာကိုယ်အတွင်း ရေဓာတ်ချို့တဲ့ခြင်

းရေအလုံအလောက်မသောက်တဲ့အခါ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ပြီး အားအင်ကျဆင်းလာပါတယ်။
ရဓာတ်ခန်းခြောက်မှုက သွေးပမာဏကျစေပြီး သွေးပိုမိုပျစ်ခဲစေကြောင်း ကျန်းမာရေးဆိုင်ရာ တတ်သိနားလည်သူတွေရဲ့ အဆိုအရ သိရပါတယ်။

ကဖိန်းဓာတ်အလွန်အကျွံသောက်သုံးခြင်း

ကော်ဖီ ဒါမှမဟုတ် တခြားကဖိန်းဓာတ်ပါဝင်တဲ့ အဖျော်ယမကာတွေသောက်ပေးတာ မဆိုးလှပေမယ့် အလွန်အကျွံဖြစ်တဲ့အခါ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတွေက ရှိနိုင်ပါတယ်။ ကဖိန်းဓာတ်ကို ညမအိပ်ခင်အချိန်လေးသောက်ပါက အိပ်စက်မှုပုံစံ ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခြင်း

မနက်စောစော လေ့ကျင့်ခန်း အနည်းဆုံး မိနစ် ၃၀ ကနေ ၄၀ ပုံမှန်လုပ်ပေးခြင်းက အားအင်ပိုမိုရရှိစေနိုင်တယ်။
ဦးနှောက်သွေးလည်ပတ်မှုစနစ် ထိရောက်စွာ လည်ပတ်လုပ်ဆောင်တာမို့ အားအင်ပိုမိုမြင့်တက်စေပါတယ်။

မနက်စာရှောင်ခြင်း

မနက်ခင်း ပထမဆုံးစားသုံးတဲ့ အစားအစာဟာ တစ်နေ့တာလုံး ဆက်လက်လှုပ်ရှားဖို့ ခွန်အားရရှိစေကာ
ခန္ဓာကိုယ်ကို ပိုမိုကြံ့ခိုင်တောင့်တင်းစေပါတယ်။

Credit :Trend Myanmar

Comments