
ညောင်လေးပင် စက်တင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ် ဖအောင်းရွာအနီး၌ စက်တင်ဘာ ၂၈ ရက် နံနက် ၅ နာရီခန့်က သကြား များ တင်ဆောင်လာသော ၂၂ ဘီး မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ ကြောင်း သိရသည်။
ညောင်လေးပင်မြို့ ဖအောင်း ကျေးရွာ ရန်ကုန်-မ္တလေး ကားလမ်း မိုင်တိုင်အမှတ် (၉၆/၇ နှင့် ၉၇/ဝ)အကြား ရန်ကုန်ဘက်မှ မ္တလေးသို့ ယာဉ်မောင်း ဇော်မင်းထွန်း (၄ဝ နှစ်) မြရတနာလမ်း ဇီးကုန်းမြို့နေသူ မောင်း နှင်ပြီး အကူယာဉ်မောင်း ထွန်းနိုင် (၃၇ နှစ်) သစ်နဖားလမ်း ဇီးကုန်းမြို့နေသူ လိုက်ပါလာသော ၂၂ ဘီးယာဉ်သည် သကြားများတင်ဆောင် မောင်းနှင်လာ စဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ရေမြောင်းထဲသို့ ထိုးကျတိမ်းမှောက်သွား ခဲ့ကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)
Myanmaalinn https://www.facebook.com/MYANMAALINNNEWS/
Comments
Post a Comment