ဘော်ဒါဆောင်အတွင်း ဝင်ရောက်ကာ ဆယ်တန်းကျောင်းသူတစ်ဦးကို ဓားနဲ့ထိုးတဲ့ ဖြစ်ရပ်တစ်ခု အောက်တိုဘာ ၄ ရက်နေ့က အောင်လံမြို့မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဓားနဲ့ထိုးသူ အသက် (၁၇)နှစ်အရွယ် အမျိုးသားဟာ အဆိုပါကျောင်းသူနဲ့ ယခင်က အဆက်အသွယ်ရှိခဲ့ဖူးပြီး ဘော်ဒါဆောင်သို့ လာရောက်ကာ ပြန်လည်ဆက်သွယ်ဖို့ ပြောကြားရာက အမျိုးသမီးက လက်မခံတာကြောင့် ပါလာတဲ့ ဓားနဲ့ထိုးခဲ့တာ ဖြစ်တယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
အသေးစိတ် အခြေအနေကိုတော့ ပြောလို့မရသေးဘဲ တရားလိုရဲ့ဦးလေးဖြစ်သူက အမှုလာဖွင့်ထားပြီး ကောင်မလေးကိုတော့ ဆေးရုံတင်ပို့ထားတယ်လို့ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားထားပါတယ်။
ဝဲဘက် တတောင်ဆစ်၊ ဝဲဘက်နံဘေး၊ နောက်ကျောဘက်နဲ့ ဝမ်းဗိုက်တွေမှာ ပြတ်ရှဒဏ်ရာငါးချက် ရရှိပြီး ဓားနဲ့ထိုးသူ အမျိုးသားကို အောင်လံမြို့မရဲတပ်ဖွဲ့စခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
Source: 7Day Daily

Comments
Post a Comment