ကျောင်းသားတိုင်း ကြုံတွေ့ရတဲ့အခက်အခဲတစ်ခုကို ဒီကြောင်လေးဟာ နားလည်သွားခဲ့ပါပြီ။
ကြောင်လေးတစ်ကောင် မလေးရှားနိုင်ငံက နိုင်ငံတကာအစ္စလမ္မစ်တက္ကသိုလ်က ကျောင်းခန်းတစ်ခန်းထဲကို ရောက်လာပြီး စာသင်တာကို သေချာလိုက်နားထောင်နေရာကနေ အိပ်ပျော်သွားခဲ့တာပါ။
တွစ်တာမှာ ကျောင်းသားတွေတင်လိုက်တဲ့ ကြောင်လေးရဲ့ပုံတွေဟာ ချက်ချင်း ပျံ့နှံ့သွားပြီး ကြောင်လေးအတိုင်း ခံစားခဲ့ရတဲ့ ကျောင်းသူကျောင်းသား အများအပြားရှိကြောင်းကို တွေ့လိုက်ရပါတယ်။
ကျောင်းသားအတော်များများဟာ စာသင်ခန်းထဲကို သင်ယူလိုစိတ်ရှိစွာနဲ့ တက်တက်ကြွကြွ ဝင်သွားပေမဲ့ စာသင်ချိန်မှာ ငိုက်မြည်းကုန်တာ သဘာဝလို ဖြစ်နေပါပြီ။
ကြောင်တောင် အိပ်ပျော်သွားတယ်ဆိုတော့ ကျောင်းသားတွေအနေနဲ့ အိပ်ချင်စိတ် မဖြစ်ပေါ်စေတဲ့ စာသင်နည်းလိုအပ်နေပြီဆိုတာကို ထောက်ပြလိုက်သလိုပါပဲ။
Source : Duwun

Comments
Post a Comment