
ပေါ်တူဂီအသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားဖို့အတွက် လေ့ကျင့်ခန်းဆင်းနေတဲ့ ရော်နယ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ မြင်ရခဲ့တဲ့ လှလှပပ ကန်ချက်နဲ့ ဂိုးသွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အမှတ်ပေးလိဂ်ပြိုင်ပွဲတွေ ဒီတစ်ပတ်မှာ ခေတ္တရပ်နားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားကြရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းဖော်တွေနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး ခြေလိမ်ကန်ချက်(rabona)နဲ့ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ခြေလိမ်ကန်ချက်မျိုးတွေဟာ ထိပ်သီးကစားသမားတွေ ဂိုးသမားနဲ့ ပြိုင်ဘက်ကစားသမားကို လှည့်စားရာမှာ အသုံးပြုလေ့ရှိကြပါတယ်။

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးသွင်းမှုနှုန်း နည်းပါးနေတဲ့အတွက် ရော်နယ်ဒိုရဲ့ ခြေစွမ်းကို သံသယရှိနေကြသူတွေကို ရော်နယ်ဒိုက သက်သေပြလိုက်တာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေနဲ့ ပေါ်တူဂီသတင်းအချို့က ရေးသားဖော်ပြပါတယ်။ ပေါ်တူဂီနဲ့ ယူရိုဗိုလ်လုပွဲမှာ ဒဏ်ရာရခဲ့ပြီးကတည်းက ရော်နယ်ဒိုဟာ အကောင်းဆုံးခြေစွမ်းကို ကွင်းထဲမှာ မပြနိုင်သေးပါဘူး။
ပေါ်တူဂီအသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဖာရိုးကျွန်းစုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Ref: Duwun
Comments
Post a Comment