The Girl on the Train

၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပေါလာဟော့ကင်းစ်ရဲ့ ဝတ္ထုကို နာမည်အတူတူဖြင့် ရိုက်ကူးထားတဲ့
စိတ္တဇဆန်တဲ့ သည်းထိရင်ဖို ဇာတ်ကားကောင်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသမီး
အမ်မလီဘလန့်က အဓိက ဇာတ်ကောင်အဖြစ် အထူးသရုပ်ဆောင်ထားပါတယ်။
အောက်တိုဘာ ၇ ရက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။
American Honey

ဗြိတိသျှဒါရိုက်တာ အန်ဒရီအာနိုးရဲ့ ပထမဆုံး ဗြိတိန်နိုင်ငံပြင်ပမှာ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အန်ဒရီက ၂၀၀၅ ခုနှစ်က ရုပ်ရှင်ဇာတ်လမ်းတိုဖြင့် အော်စကာဆုရရှိထားသူလည်း ဖြစ်ပါတယ်။
American Honey ဇာတ်ကားကို ၂၀၁၆ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d'Or ဆုအတွက်
ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရပါတယ်။
လမ်းမပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းဆင်ရိုက်ကူးထားတဲ့
ဗြိတိသျှ-အမေရိကန် ဒရာမာ ဇာတ်ကားဖြစ်ပါတယ်။ ကနေဒါမှာ အောက်တိုဘာ ၇ ရက်၊
အိုင်ယာလန်နဲ့ နော်ဝေးမှာ အောက်တိုဘာ ၁၄ ရက် စတင်ပြသမှာပါ။
The Birth of a Nation

၁၈၃၁ ခုနှစ်က ဗာဂျီးနီးယားပြည်နယ် ဆောက်သမ်တန်ကောင်တီမှာ ကျွန်စနစ်တော်လှန်ရေးကို
ဦးဆောင်ခဲ့သူ နတ်တာနာ အမည်ရှိ အမျိုးသားတစ်ဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
နတ်တာနာကိုယ်တိုင်လည်း ကျွန်ပြုခံခဲ့ရသူဖြစ်ပြီး သူ့ရဲ့ဘဝဇာတ်ကြောင်းနဲ့
ကျွန်စနစ်တော်လှန်ရေးကို ဦးဆောင်ခဲ့ပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
ကနေဒါနဲ့ အမေရိကန်မှာ အောက်တိုဘာ ၇ ရက် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
My Life as a Courgette

ပြင်သစ်-ဆွစ်ဇာလန် ပူးပေါင်းရိုက်ကူးထားတဲ့ အန်နီမေးရှင် ကာတွန်းဇာတ်ကားကောင်း ဖြစ်ပါတယ်။ ၂၀၁၆ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ သပ်ရပ်ပီပြင်တဲ့
အန်နီးမေးရှင်း ကာတွန်းဇာတ်ကောင်တွေကို မြင်တွေ့ရမှာပါ။
ပြင်သစ်မှာ အောက်တိုဘာ ၁၉ ရက်၊ ဘယ်လ်ဂျီယံမှာ အောက်တိုဘာ ၂၆ ရက်နဲ့
ဆွီဒင်မှာ အောက်တိုဘာ ၂၈ ရက် စတင်ပြသမှာပါ။
I, Daniel Blake

၂၀၁၆ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d'Or နဲ့ ၂၀၁၆ ခုနှစ် လိုကာနိုရုပ်ရှင်ပွဲတော်မှာ
Prix du public ဆုတွေကို ရရှိထားတဲ့ ဗြိတိသျှ ဒရာမာဇာတ်ကားကောင်း ဖြစ်ပါတယ်။
နှလုံးရောဂါကြောင့် နေမကောင်းဖြစ်ခဲ့ပြီး နာမကျန်းမှုအတွက် ကူညီထောက်ပံ့မှုရရန် ကြိုးပမ်းခဲ့သူတစ်ဦးရဲ့ မိသားစုဇာတ်လမ်းကို ခံစားကြည့်ရှုရမှာပါ။ ပိုလန်မှာ အောက်တိုဘာ ၂၁ ရက်၊ ဘယ်လ်ဂျီယံနဲ့ ပြင်သစ်မှာ အောက်တိုဘာ ၂၆ ရက် ရုံတင်မှာ ဖြစ်ပါတယ်။
Doctor Strange

Sherlock, The Imitation Game ဇာတ်ကားတွေနဲ့အတူ နာမည်ကြီးလာတဲ့ မင်းသား ဘင်နီဒစ်
ကမ်ဘာဘတ်ခ်ျကို Marvel ကာတွန်းဇာတ်ကောင် စူပါဟီးရိုးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။
တစ်မူထူးခြားတဲ့ သရုပ်ဆောင်မှုတွေကို ပိုင်နိုင်လှတဲ့ ဘင်နီဒစ်နဲ့အတူ နာမည်ကြီးတွေဖြစ်တဲ့
တီလ်ဒါဆွင်တန်၊ ချီဝီတဲလ် အီဂျီကိုဖောတို့ကလည်း ပါဝင်အားဖြည့်ထားပါတယ်။
အောက်တိုဘာ ၂၅ ရက်မှာ စတင်မိတ်ဆက် ထွက်ရှိလာမှာပါ။
Frantz

ဒါရိုက်တာ ဖရန်ကွိုင်စ် အိုဇွန်ရဲ့ အကောင်းဆုံး ဒရာမာဇာတ်ကားတစ်ကားလို့ ဆိုထားပါတယ်။
၇၃ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Marcello Mastroianni ဆုကို ရရှိထားပါတယ်။
ဆွစ်ဇာလန်မှာ အောက်တိုဘာ ၆ ရက်၊ ဂရိမှာ အောက်တိုဘာ ၂၀ ရက်နဲ့ သြစတြီးယားမှာ
အောက်တိုဘာ ၂၁ ရက် စတင် ပြသသွားမှာ ဖြစ်ပါတယ်။
Mascots

ကမ္ဘာ့လာဘ်ကောင်အရုပ်ပြိုင်ပွဲအကြောင်းကို ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖွယ်
မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အာဂျင်တီးနား၊ ဘရာဇီးနဲ့ စပိန်မှာ
အောက်တိုဘာ ၁၃ ရက်မှာ တစ်ပြိုင်နက် ရုံတင်မှာပါ။
‘13th

စိတ်ဝင်စားစရာကောင်းတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမေရိကန် အခြေခံဥပဒေမှာ
၁၃ ခုမြောက် ပြင်ဆင်ဖြည့်စွက်ချက်ကို ရည်ညွှန်းပြီး ဇာတ်ကားနာမည်ကို '13th လို့ ပေးထားပါတယ်။
အဆိုပါ ပြင်ဆင်ဖြည့်စွက်ချက်အရ ကျွန်ပြုခြင်းကို တရားမဝင်ကြောင်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
Netflix မှာ အောက်တိုဘာ ၇ ရက်မှစတင်ပြီး အွန်လိုင်းကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Aquarius

ဘရာဇီး ဒရာမာဇာတ်ကားဖြစ်ပြီး ၂၀၁၆ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Palme d'Or ဆုအတွက်
ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံခဲ့ရပါတယ်။ သီချင်းရေးဆရာမတစ်ဦးရဲ့ ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ တိုက်ခန်းဟောင်းကို အဆောက်အအုံကို စွန့်ခွာရန် ငြင်းပယ်ပြီး အဆောက်အအုံသစ်
တည်ဆောက်မှုကို ဆန့်ကျင်သူ သီချင်းရေးဆရာမရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပါတယ်။
ကနေဒါမှာ အောက်တိုဘာ ၁ ရက်၊ တောင်ကိုရီးယားမှာ အောက်တိုဘာ ၇ ရက်နဲ့ အမေရိကန်မှာ
အောက်တိုဘာ ၁၄ ရက် ရုံတင်ပြသွားမှာပါ။
Credit > Duwun
Comments
Post a Comment