
မြွေဆိုတဲ့ တိရစ္ဆာန်မျိုးက အလှမွေးထားရင်တောင်မှ အခြားအသုံးအဆောင်တွေနဲ့ အလှဆင်ပေးထားလို့မရတဲ့ သတ္တဝါတွေပါ။ ဒါပေမဲ့ ကိုယ်ပိုင်နေကာမျက်မှန်နဲ့ ခပ်မိုက်မိုက်မြွေတစ်ကောင်တော့ ရှိလေရဲ့။

Texas Parks and Wildlife က ဖြန့်ချိလိုက်တဲ့ ပုံထဲမှာတော့ နေကာမျက်မှန်တပ်ထားသလို စတိုင်မိတဲ့ မြွေလေးကို တွေ့ရပါတယ်။ သဘာဝကိုက မျက်နှာမှာ နေကာမျက်မှန်တစ်လက် တပ်ထားသလို ဖြစ်နေတာပါ။ ဒါတင်မကသေးပါဘူး။ သေသေချာချာ ကြည့်မယ်ဆိုရင် အပေါ်ကိုတွန့်နေတဲ့ နှုတ်ခမ်းမွေးကိုလည်း မြင်ရဦးမှာဖြစ်ပါတယ်။
Source : The Dodo
Comments
Post a Comment