
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်ထဲမှာ မော်တော်ဆိုင်ကယ်တွေ ပြန်လည်စီးနင်းခွင့်ပြုသွားမယ်လို့ တိုင်းဒေသကြီး ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
ဒီနေ့ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဆင်ခြေဖုန်းမြို့နယ်တွေအတွက် အရေးပါတဲ့ မော်တော်ဆိုင်ကယ် စီးနင်းတာကို စနစ်တကျကြပ်မတ်ပြီး ခွင့်ပြုပေးသွားဖို့ ရှိမရှိကို ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မေးမြန်းခဲ့တာကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်ထဲမှာ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို၂၀၀၁ ခုနှစ်က စတင်ပိတ်ပင်ခဲ့တာဖြစ်ပြီး ၂၀၀၃ခုနှစ်မှာ ဋ္ဌာနဆိုင်ရာ ဆိုင်ကယ်တွေကို ပြန်လည်စီးနင်းခွင့်ပြုခဲ့ကာ ဆိုင်ကယ်စီးနင်းခွင့် ပြန်လည်ခွင့်ပြုဖို့အတွက် သက်ဆိုင်ရာ ဌာနတွေနဲ့ ညှိနိုင်းမူပြုလုပ်နေတယ်လို့ ဒေါ်နီလာကျော်က ပြောပါတယ်။
Source : 7DayDaily
Photos : Wai Linn
Comments
Post a Comment