
ဘဝဆိုတာ ဆိုးရွားတဲ့ အချိန်တွေ မကြုံချင်လည်း ကြုံတွေ့ရမှာ ဖြစ်သလို ကောင်းမွန်စွာ နေထိုင်နိုင်တဲ့ အချိန်တွေလည်း ရရှိမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သင်တွေးမိသည်ဖြစ်စေ၊ မတွေးမိသည်ဖြစ်စေ ဘဝမှာ သင်ဟာ ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက် ၅ ခှုရှိပါတယ်။
၁။ ရှင်သန်နေထိုင်တယ်၊ လေ့လာတယ်
ရိုးရိုးလေးပါပဲ။ မနက်အိပ်ရာထတိုင်း ကောင်းစွာ ရှင်သန်နိုးထနေရတယ်ဆိုတာကိုက ကျေနပ်စရာပါ။ အခက်အခဲတွေကနေတစ်ဆင့် သင့်အတွက် အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ ရနေတယ်လို့ တွေးကြည့်လိုက်ရင် ပျော်စရာ ကောင်းသွားမှာပါ။
၂။ အိပ်ရာကောင်းကောင်းရှိတယ်

အိပ်ရာကောင်းကောင်းနဲ့ မအိပ်နိုင်တဲ့အပြင် နေစရာမရှိသူတွေတောင် ကမ္ဘာကြီးမှာ အများအပြား ရှိနေပြီးသားပါ။ ဒီတော့ သင့်အတွက် အိပ်ရာကောင်းကောင်းတစ်ခုရှိတယ်ဆိုရင် ကျေနပ်စရာပါ။
၃။ အလုပ်ရှိတယ်
ဒီလိုပါပဲ။ အလုပ်လိုချင်ပေမဲ့ အလုပ်မလုပ်နိုင်သူတွေ၊ အလုပ်မရသူတွေ အများကြီးပါ။ သင့်မှာ အလုပ်တစ်ခု ရှိနေပြီး သင့်တင့်မျှတတဲ့ ဝင်ငွေနဲ့ အခွင့်အလမ်းကောင်းတစ်ချို့ရှိတယ်ဆိုရင်လည်း ဂုဏ်ယူလိုက်ပါ။
၎။ ဗဟုသုတနဲ့ ပညာရှာဖွေနိုင်

ဒီလိုအခွင့်အရေးဟာ ဒီနေ့ခေတ်မှာ အဆင်ပြေပြေရနိုင်နေပါပြီ။ ဗဟုသုတနဲ့ ပညာ ရှိမှုအပေါ် မူတည်ပြီး သင့်ရဲ့အနာဂတ်ဟာ ပြောင်းလဲသွားမှာပါ။ သိလိုသမျှကို သိခွင့်ရှိအောင် လုပ်နိုင်တဲ့ ခေတ်ထဲမှာ သင်နေထိုင်နေတယ်ဆိုတာ မမေ့ပါနဲ့။
၅။ ရွေးချယ်စရာတွေရှိတယ်
ဒါအရေးကြီးပါတယ်။ သင့်အတွက် အခက်အခဲ ကျရောက်လာတဲ့ အချိန်တွေဆို ဒီစကားကို သတိရလိုက်ပါ။ လူတိုင်းမှာ ရွေးချယ်ခွင့် ရှိပါတယ်။ တစ်သက်လုံး ဒုက္ခခံစားနေရစရာ မလိုပါဘူး။
Credit > Duwun
Comments
Post a Comment