
မိမိချစ်ခင်ရသူ၊ နီးစပ်သူတစ်စုံတစ်ယောက်ကို လက်လွတ် ဆုံးရှုံးဖူးကြမှာပါ။
တခါတရံ အဲဒီနာကျင်မှုဟာ မခံမရပ်နိုင်အောင် အလွန်ခက်ခဲလှပါတယ်။
ဒါပေမယ့် ဒါဟာ ကျွန်ုပ်တို့ မဖြစ်မနေ ရင်ဆိုင်ကြုံတွေ့ရမယ့် လက်တွေ့ဘဝပဲ ဖြစ်ပါတယ်။
တခါတလေ အဲဒီပုဂ္ဂိုလ်ဟာ လက်တွေ့မရှိပေမယ့် ကျွန်ုပ်တို့နားမှာ ရှိနေနိုင်ပါသေးတယ်။
သေဆုံးသွားတဲ့ ဆွေမျိုးသားချင်းတစ်ယောက်ယောက် မိမိတို့နဲ့ အတူရှိနေသေးတဲ့ လက္ခဏာတွေက…
၁။ အနံ့အသက်ရခြင်း
မိမိချစ်ခင်ရသူ အနီးနားရှိကြောင်း သိနိုင်တဲ့အချက်တစ်ခုက အနံ့အသက်ပါ။
တခါတလေမှာ အဲဒီအနံ့အသက်က မိမိတို့ကြား အခိုင်မာဆုံး ဆက်သွယ်မှုပြုပါတယ်။
ဥပမာ ဆေးလိပ်နံ့ သို့မဟုတ် ရေမွှေးနံ့စတာတွေက ဒါက သင့်ကို တိုက်ရိုက်သတင်းပေးအချက်
ဖြစ်ပါတယ်။
၂။ အိပ်မက်မက်ခြင်း
သေဆုံးသွားသူတွေရဲ့ ဝိညာဉ်တွေဟာ ဒီနည်းနဲ့ ဆက်သွယ်လုပ်လေ့ရှိပါတယ်။
များသောအားဖြင့် အိပ်မက်ထဲ ရောက်လာတဲ့ ဝိညာဉ်တွေဟာ မက်နေကျအိပ်မက်ထက်
ထင်ထင်ရှားရှား ပိုဖြစ်လေ့ရှိပါတယ်။ ၃။ ပစ္စည်းတွေ ပျောက်နေခြင်း တခါတလေ တစ်ခုခုရှာမတွေ့တဲ့အခါ ကိုယ်ထားတဲ့ နေရာကနေ ဖယ်ရှားခံရတာကြောင့် စိတ်လွတ်နေတယ်လို့ ယူဆတတ်ကြတယ်။
ဒါပေမယ့် တခါတရံမှာ ဒါက သေဆုံးသွားသူ ဆွေမျိုး သို့မဟုတ် သူငယ်ချင်းကနေ
လာကလိသွားတာကြောင့် ဖြစ်တတ်ပါတယ်။
၎။ ထူးဆန်းတဲ့ အတွေးစိတ်ကူးတွေဖြစ်ပေါ်ခြင်း
ဆန်းပြားတဲ့ စိတ်ခံစားချက် တွေ့ကြုံခြင်းဖြင့် ကွယ်လွန်သွားတဲ့ပုဂ္ဂိုလ်ဟာ မိမိနဲ့အတူရှိနေသေးတဲ့
လက္ခဏာတစ်ရပ်ဆိုတာ သိနိုင်ပါတယ်။
၅။ အသုဘက အရိပ်အယောင်များ
ကွယ်လွန်သွားပြီဖြစ်တဲ့ psychic James Van Praagh ဆိုသူက မသာရဲ့ဝိညာဉ်ဟာ
သူ့အသုဘအခမ်းအနားကို ကိုယ်တိုင် တက်တယ်လို့ ဆိုပါတယ်။
ဘာကြောင့်လဲ။ သူတို့ချစ်ရတဲ့သူတွေကို အားပေးနှစ်သက်မှု ပေးချင်တာလို့ ဆိုပါတယ်။
ဝမ်းနည်းပူဆွေးမှုကြောင့် ဒီအရိပ်အယောင်တွေ မတွေ့ကြရပါဘူး။
ဒါပေမယ့် အသုဘတွေမှာ ဒီအရိပ်အယောင်တွေ ရှိနေကြတယ်လို့ သိရပါတယ်။
Ref : Apannpyay
Comments
Post a Comment