မကြာခင်မှာ လက်ထပ်တော့မယ့် သရုပ်ဆောင်မိုးယုစံ နှင့် ကမ္ဘောဇ ပိုင်ရှင်ရဲ့သား ပိုင်းလော့ စွမ်းသူမိုး တို့ က မင်္ဂလာပွဲကို လေးခုခွဲ၍ နေရာ ၄ နေရာခွဲ၍ ကျင်းပသွားမယ်လို့သိရပါတယ်။ ကမ္ဘောဇ လုပ်ငန်းစုဟာ နေရာ အနှံ့မှာ ပြန့်နှံ့ နေသလို အရှိန်အဝါလဲ တော်တော်ကြီးလှပါတယ်။ မိုးယုစံနှင့် စွမ်းမိုးသူတို့ရဲ့ မင်္ဂလာပွဲမှာ ဖိတ်ကြားရမယ့် သူ များလွန်းလှတဲ့ အတွက် မင်္ဂလာဆောင် ၄ ခု ကို ခွဲပြီးတော့ ကျင်းပသွားမယ်လို့သိရပါတယ်။
အဲ့ဒီအကြောင်းကိုတော့ မကြာခင် မှာ မိုးယုစံရဲ့ ယောက္ခထီး ဖြစ်လာတော့မဲ့ ဦးမိုးစံနောင်က သူ့ ဖေ့ဘုတ်အကောင့်မှာ အောက်ပါအတိုင်း တင်ပြထားပါတယ်…

ကျွန်တော့် နဲ့ ချစ်ဇနီး Khin Myo Swe တို့ရဲ့..တစ်ဦးတည်းသောသားလေး…မောင်စွမ်းသူမိုး(Pilot Air KBZ)နဲ့ ရုပ်ရှင်သရုပ်ဆောင်.. မမိုးယုစံ တို့ကိုမိဘတို့ဝတ္တရားရှိသည်နှင့်အညီအောက်ပါအစီအစဉ်များအတိုင်းလေးနေရာခွဲ၍…
.ထိမ်းမြားမင်္ဂလာဆောင်နှင်းပေးသွားမည်ဖြစ်ပါသည်…

@@@@
@ မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးပွဲ..October 18th(Tuesday) 10 am to12 pm Sedona Hotel Grand Ballroom …
@ မင်္ဂလာဦးဆွမ်းကပ်..October 20th(Thursday) 10 am to 12 pm..မဟာစည်သာသနာ့ရိပ်သာ..
@ စုလျားရစ်ပတ်ထိမ်းမြားမင်္ဂလာ..October 29th(Saturday)..10 am to 12pm..Melia Hotel Yangon Grand Ballroom..
@ မင်္ဂလာညစာစားပွဲ…October 31st(Monday)…0630 pm to 10 pm…Novotal Yangon Max Grand Ballroom….

$$$$
KBZ လုပ်သက်တလျောက်များပြားလှသောလုပ်ငန်းတာဝန်များနှင့်ဆက်စပ်ကာ မိတ်ဆွေအပေါင်းအသင်းများတိုးပွားလာရာတစ်နေရာတည်းဖြင့်မိတ်ဆွေအကုန်လုံးအားဖိတ်ကြားရန်မလုံလောက်ပါသဖြင့်အခြေနေအရပ်ရပ်ပေါ်မူတည်၍ယခုကဲ့သို့နေရာခွဲကာဖိတ်ကြားသွားမည်ဖြစ်ပါသဖြင့်..နားလည်ပေးနိုင်ပါရန်နှင့်ရောက်ရှိလာသောဖိတ်စာအတွင်းတွင်ပါရှိသည့်အချိန်နေရာအတိုင်းကြွရောက်ချီးမြှင့်ပေးနိုင်ပါရန်လေးစားစွာကြိုတင်..ဖိတ်ကြားအပ်ပါသည်…မကြာမီဖိတ်စာများအားပေးဝေသွားပါမည်..ကြွရောက်ချီးမြှင့်ပေးမည်ဆိုပါကအထူးကျေးဇူးတင်ရှိမှာဖြစ်ပါကြောင်း….
လေးစားစွာဖြင့်….
ဦးမိုးဆန်းအောင်(KBZ)+ဒေါ်ခင်မျိုးဆွေ(ဗဟိုဘဏ်အရာရှိဟောင်း)

Ref : Apannpyay
Comments
Post a Comment