
လာမယ့် အောက်တိုဘာ ၈ ရက်နေ့ဟာ လီဗာပူးအသင်းကို နည်းပြဂျာဂန်ကလော့ရောက်လာတာ တစ်နှစ်ပြည့်တော့မယ့် နေ့ဖြစ်ပါတယ်။ ၂၀၁၅ အောက်တိုဘာ ၈ ရက်နေ့မှာ လီဗာပူးအသင်းက နည်းပြဘရန်ဒန်ရော်ဂျာနေရာမှာ ဂျာဂန်ကလော့နဲ့ အစားထိုးလိုက်တာပါ။

ဗြိတိန်သတင်းဌာန Mirror ရဲ့ ဖော်ပြချက်အရ ဂျာဂန်ကလော့ လီဗာပူးကို ရောက်လာတဲ့နေ့ကစပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တွက်ချက်ပြီး အမှတ်ပေးဇယားအသစ်တစ်ခု လုပ်လိုက်မယ်ဆိုရင် ချန်ပီယံအသင်းက စပါးအသင်း ဖြစ်နေမှာလို့ ဖော်ပြထားပါတယ်။ စပါးက လက်စတာအသင်းကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အခုချိန် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရောက်နေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပိုပြီးစိတ်ဝင်စားစရကောင်းတာကို လီဗာပူးကို နည်းပြကလော့ စတင်ကိုင်တွယ်တဲ့ နေ့စပြီး ဒီနေ့အချိန်ထိ ရမှတ်တွေကို ရေတွက်မယ်ဆိုရင် ရမှတ် ၆၄ မှတ်ရရှိထားပြီး အဆင့်-၅ နေရာမှာ ရပ်တည်နေမှာဖြစ်ပါတယ်။ မန်ယူထက်တောင် တစ်မှတ်ပိုများနေတာဖြစ်ပါတယ်။ အခုဘောလုံးရာသီမှာလည်း ရလဒ်ကောင်းနေတဲ့ လီဗာပူးအသင်းဟာ အမှတ်ပေးဇယား အဆင့်-၄ နေရာမှာ ရပ်တည်နေပါတယ်။
Credit > Duwun
Comments
Post a Comment