
လင်မယားချင်း ချစ်တင်းနှောဖို့ တောင်းဆိုတာကို ဇနီးသည်က နှစ်ကြိမ်ငြင်းဆိုခဲ့လို့ ခင်ပွန်းဖြစ်သူ
ကြိုးဆွဲချသေဆုံးခဲ့တဲ့ဖြစ်ရပ် မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ဂျိုးဖြူ (၃) လမ်းမှာ
ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အသက် (၂၅) နှစ်အရွယ် ပန်းရန်လုပ်သားက စက်တင်ဘာ ၂၈ ရက် မနက်အစောပိုင်းမှာ
အမြင့် ရှစ်ပေလောက်ရှိတဲ့ သစ်သားထုပ်တန်းမှာ လျှပ်စစ်ဝိုင်ယာကြိုးကို ချည်နှောင် ကြိုးဆွဲချ
သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူက စက်တင်ဘာ ၂၇ ရက် ည ၉ နာရီမှာ ဇနီးသည်ကို လင်မယားအဖြစ်နေထိုင်ဖို့ တောင်းဆိုခဲ့တာကို အသက် (၂၈) နှစ်အရွယ် ဇနီးသည်က အလုပ်ပင်ပန်းနေလို့ငြင်းဆိုခဲ့ပြီး စက်တင်ဘာ ၂၈ ရက် မနက် ၂ နာရီလောက်မှာလည်း သေဆုံးသူက ဇနီးသည်ကို နှိုးပြီးတောင်းဆိုတာကို ဇနီးက ထပ်မံငြင်းဆိုပြီး နောက်ပိုင်းမှာ အခုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
Source : 7DayDaily
Comments
Post a Comment