ဒီကောင်မလေး သင့်ကို ကြွေနေကြောင်း လက္ခဏာ ၁၀ ခု

Image result for beautiful thai girl

ဒီကောင်မလေး သင့်ကို ကြွေနေကြောင်း လက္ခဏာ ၁၀ ခု
သင် သူမကို သံယောဇဉ် ရှိနေသလို ခံစားနေရပါတယ်။ သင်တို့နှစ်ယောက်ကြားမှာ
ဆက်နွယ်မှု ရှိပြီး ဇာတ်လမ်းလေး စကြည့်ချင်ပါတယ်။

သူမကို သင် ရည်းစားစကားစပြောသင့်တာဘယ်ချိန်မျိုးမှာပါလဲ??
သင့်ကို သူမ ကြွေနေကြောင်းပြတဲ့ လက္ခဏာ ၁၀ ခုကို ရေးပြထားပါတယ်။

၁. ပထမအဆင့်ကတော့ သင်တို့နှစ်ယောက်လုံး ရင်ခုန်သံ ထပ်တူကျရဲ့လား သတိထားကြည့်ပါ။ဘသူမကို သေချာ လေ့လာပါ။ တကယ်လို့ သူမက သင်နဲ့ မတော်တဆလိုလို အမြဲ တွေ့အောင် လုပ်နေခဲ့ရင်၊ သင်နဲ့ အချိန်ဖြုန်းရတာ ပျော်ရင် သင် ဇာတ်လမ်းစသင့်ပါပြီ။

၂. သူမက သင်နဲ့ တွေ့ရတဲ့ အချိန်တိုင်း ပျော်နေမယ်။ သင်ကလဲ ပျော်နေမယ်ဆိုရင်
သင်တို့နှစ်ယောက် ဇညတ်လမ်းစသင့်ပါတယ်။

၃. သူမက သင့်ကို သူမရဲ့ အကြိုက်ဆုံး စားသောက်ဆိုင်တွေနဲ့ မြို့ထဲက ရိုမန်တစ်ဆန်တဲ့ နေရာလေးတွေအကြောင်း ပြောပြောနေရင်တော့ သင့်ကို အရိပ်အမြွက် ပေးနေတာ ဖြစ်ပါလိမ့်မယ်။

၎. သူမက သင့်ကို မနက်ဖြန် သူမအားကြောင်း စကားထည့်ပြောပါတယ်။
သင်သူမကို ချိန်းမယ်လို့ မျှော်လင့်ချက်ကြီးနဲ့ ပြောနေတာ ဖြစ်မှာပါ။

၅. သင့်သူငယ်ချင်းတွေနဲ့ သူမနဲ့ အဆင်ပြေပါတယ်။ ဒါဟာ သင်နဲ့သူမ အတွဲဖြစ်ရင်
ဘယ်လောက် အဆင်ပြေမလဲဆိုတာ ပြနေတာပါပဲ။

၆. သင့်ကို လူကောင်းဖြစ်ကြောင်း သိရဖို့ သူမ အမြဲ စမ်းသပ်နေပါတယ်။ သူမကြိုက်တဲ့
ပုံစံဟုတ်မဟုတ် သင့်အကြောင်း လေ့လာနေတာ ဖြစ်မှာပါ။

၇. သူမက Single ပါ။ သူမ မှာ ခုလောလောဆယ် အတွဲမရှိကြောင်း သင့်ကို ပြောနေပါတယ်။
စမ်းကြည့်ဖို့ သင့်ပါတယ်။

၈. သင်ပြောသမျှအရာတိုင်းဟာ သူမအတွက် စိတ်လှုပ်ရှားစရာပါ။ သင့်ကိုယ်သင် သင်ပြောတာ
ဘယ်လောက်တုံးတယ် ထင်နေနေ သူမကတော့ သင့်ရယ်စရာတွေကို ရယ်ပေးမှာပါ။
ဒါဆို သူမသင့်ကို စွဲလမ်းနေတာ ကျိန်းသေပါတယ်။

၉. သင်တို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မိုက်တယ်၊ လန်းတယ်လို့ ထင်ကြပါတယ်။
သူမကလဲ သင့်ဘဝအကြောင်းကို သိချင်နေပါတယ်။ သူမအကြောင်း ကြားရတာနဲ့ သင်လဲ ပျော်နေပါတယ်။ ဒါဆို သင်တို့နှစ်ယောက် လိုက်ဖက်ကြပါတယ်။

၁၀. သူမ သင့်အနားရှိတုန်း သင့်ကို အထာပေးသလို ပွတ်သီးပွတ်သပ် လုပ်မိပါတယ်။ သူမ သင့်ကို ချစ်လို့ သူမကိုယ်သူမ လုပ်နေမှန်း မသိတာတောင် ဖြစ်နိုင်ပါတယ်။
.
credit- mmgentleman

Comments