တစ်ခါစီးလျှင် မြန်မာငွေ သိန်း ၆၀ဝ ကျော် ပေးရမယ့် ဇိမ်ခံလေယာဉ်

Crystal Luxury Air Boeing 777-200ER photographed on January 7, 2016 from Wolfe Air Learjet 25B.


အံသြဖွယ်ရာ ဒီဇိမ်ခံလေယာဉ်ကို မိတ်ဆက်လိုက်တာကတော့ အမေရိကန် ခရီးသွားကုမ္ပဏီ Crystal ပဲ ဖြစ်ပါတယ်။ သူ့လေယာဉ်ကို တစ်ကြိမ်စီးဖို့အတွက် မြန်မာငွေ သိန်း ၆၀ဝ ကျော် (ဒေါ်လာ ၅၀ဝ၀ဝ) ကျသင့်မှာဖြစ်ပါတယ်

အံသြဖွယ်ရာ ဒီဇိမ်ခံလေယာဉ်ကို မိတ်ဆက်လိုက်တာကတော့ အမေရိကန် ခရီးသွားကုမ္ပဏီ Crystal ပဲ ဖြစ်ပါတယ်။ သူ့လေယာဉ်ကို တစ်ကြိမ်စီးဖို့အတွက် မြန်မာငွေ သိန်း ၆၀ဝ ကျော် (ဒေါ်လာ ၅၀ဝ၀ဝ) ကျသင့်မှာဖြစ်ပါတယ်။ဘာကြောင့် ဒီလောက်ဈေးကြီးရပါသလဲ။

လေယာဉ်ကတော့ Boeing 777-200LR ဇိမ်ခံလေယာဉ်ကြီးဖြစ်ပါတယ်။ ဒီလေယာဉ်ကို စီးနင်းတဲ့သူတွေဟာ ကမ္ဘာ့အဆင့်အမြင့်ဆုံး ကြယ်ငါးပွင့် ဟိုတယ်မှာတည်းရတဲ့အတိုင်း ဝန်ဆောင်မှုတွေကို ရရှိမှာ ဖြစ်ပါတယ်။ လေယာဉ်အတွင်းအပြင်အဆင်ကလည်း ပေါ်ဖူးသမျှဇိမ်ခံလေယာဉ်ထဲမှာ အခမ်းနားဆုံးလို့ ဆိုပါတယ်။ ခရီးသည်တွေ သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်ဖို့ အတွက် ထိုင်လို့ ၊ အိပ်လို့ရတဲ့ ထိုင်ခုံ ၈၄ ခုံပါရှိပါတယ်။ စားသောက်ခန်း ၊ ဧည့်ခန်းတွေအပြင် အမြန်ဆုံးအင်တာနက်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။ ရေချိုးခန်းနဲ့ သန့်စင်ခန်းတွေအတွင်းမှာလည်း အီတလီဖက်ရှင် ကုမ္ပဏီ Etro ရဲ့ မွေးကြိုင်သန့်ပြန့်တဲ့ အသုံးအဆောင်တွေကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်တွေကတော့ ၁၄ ရက် ၊ ၂၁ ရက် နဲ့ ၂၈ ရက်အသီးသီးရှိပြီး ဒေါ်လာ ၅၀ဝ၀ဝ ဆိုတာ အနည်းဆုံးရက်အတွက် ဖြစ်ပါတယ်။ ဒီထက်ပိုစီးရင် ပိုပေးရမယ့် သဘောပါ။ ဒီဇိမ်ခံလေယာဉ်ကို ၂၀၁၇ခုနှစ် ဆောင်းဦးရာသီမှာ စတင်ပျံသန်းသွားမှာဖြစ်ပြီး ဘယ်လိုလူမျိုးတွေကစီးမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

2

3

4

5

6

Comments