ကာရာဒယ်လဗင်းရဲ့အချစ်ဟောင်းနဲ့ ခရစ္စတင်းစတီးဝပ်တို့ ဘာလိုလိုဖြစ်နေ


ခရစ္စတင်းစတီးဝပ်ကို ကာရာဒယ်လဗင်းနဲ့ အချိန်အတော်ကြာတွဲခဲ့ဖူးတဲ့ ချစ်သူဟောင်းနဲ့ အတူတွဲလျက်သား မြင်ရပြန်ပါပြီ။ လိင်တူစုံမက်သူပါလို့ ဝန်ခံထားတဲ့ ခရစ္စတင်းဟာ တလောတုန်းကလည်း အလီစီယာကာဂိုင်းလ်နဲ့ တွဲသွားတွဲလာ လုပ်ခဲ့ပါသေးတယ်။


တနင်္လာနေ့တုန်းက ခရစ္စတင်းဟာ နယူးယော့ခ်မြို့မှာပြုလုပ်တဲ့ Certain Women အထူးပွဲကို ကာရာရဲ့အချစ်ဟောင်း ပြင်သစ်အဆိုတော် စိန့်ဗင်းဆင့်နဲ့အတူ သွားခဲ့ပါတယ်။ အင်္ဂါနေ့မှာလည်း နယူးယော့ခ်မြို့ထဲမှာ နှစ်ယောက်အတူ လျှောက်သွားခဲ့တဲ့ပုံတွေက ထပ်မံထွက်ပေါ်လာပြန်ပါတယ်။

သြဂုတ် ၃၀ ရက်ညက ဟောလိဝုဒ်အနောက်ဘက်စားသောက်ဆိုင်တစ်ခုကနေ အတူထွက်လာကြတဲ့
ခရစ္စတင်းနဲ့စိန့်

သြဂုတ်လကုန်တုန်းကလည်း နှစ်ယောက်သား တိုးတိုးတိတ်တိတ် ညစာထွက်စားခဲ့ကြဖူးတာကြောင့် ခရစ္စတင်းနဲ့ စိန့်ဗင်းဆင့်တို့ရဲ့ ပတ်သက်မှုဟာ သာမာန်ထက် ကျော်လွန်ပြီလားဆိုတာ
စဉ်းစားစရာဖြစ်လာပါတယ်။
Ref: Duwun

Comments