ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အသက် ၆၉ နှစ်အရွယ် အဖိုးအိုက တစ်ခြံတည်းနေထိုင်တဲ့ အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို သားမယားပြုကျင့်ခဲ့မှု အောက်တိုဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ်က အသက် ၂၉ နှစ်အရွယ် အမျိုးသမီးက သမီးငယ်ဆီးသွားနေတဲ့အချိန် သွေးစတွေပါတာတွေ့လို့ မေးမြန်းခဲ့တာကနေ သားမယားပြုကျင့်တဲ့ ဖြစ်စဉ်ကို သိခဲ့ရတာလို့ ဆိုပါတယ်။
သားမယားပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်က စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီလောက်က ရေတုံကင်မှာ ရေချိုးနေတုန်း တစ်ခြံဝင်းတည်းအတူနေတဲ့ သိန်းထွန်း(ခ) ဖထီး(၆၉ နှစ်)က မီးသွေးတောင့်တွေထားတဲ့ ဂိုထောင်ထဲကိုခေါ်ယူပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကာ မိဘတွေကို ပြန်မပြောဖို့ ပြောပြီး မုန့်ဖိုး၂၀၀ ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ရဲစခန်းကို တိုင်ကြားခဲ့တာကြောင့် လှော်ကားနယ်မြေရဲစခန်း က(ပ) ၅၇၀/၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရအမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
Source : MMTime

Comments
Post a Comment