
ချီလီနိုင်ငံမှာ ပြင်းအားအဆင့် ၆.၄ ရှိ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ချီလီမြို့တော် စန်တီယာဂိုမှာ အဆောက်အအုံများ လှုပ်ရမ်းသွားခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

ငလျင်ဟာ စန်တီယာဂိုမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ သေဆုံးဒဏ်ရာရမှု သတင်းများ မရှိသေးဘူးလို့ ဆိုပါတယ်။ ချီလီ အရေးပေါ်ဌာနရဲ့ ပြောကြားမှုအရ ငလျင်ဟာ အင်အားပြင်းထန်ပြီး စန်တီယာဂိုမြို့နဲ့ ချီလီအလယ်ပိုင်းကို ဗဟိုပြုခဲ့ကြောင်း သိရပါတယ်။
Source & Photo: USGS
Source & Photo: USGS
Comments
Post a Comment