Google ( သို့ မဟုတ် ) Internet ပေါ်က ရတနာသိုက်ကြီး
Google လို့ ပြောလိုက်တာနဲ့  တော်တော်များများက သိကြမှာပါ၊ Google ဆိုတာက Internet ပေါ်က အဖိုးတန်ရတနာသိုက်ကြီး တခုလေ၊ Google မှာ ဘာရှာချင်လဲ ? 10 ခုရှာရင် 9 ခုတော့ တွေ့ တာပါပဲ၊Google မှာ
ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေနိုင်တယ်၊ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလဲဆိုတာကို အချိန်နဲ့ တပြေးညီ ကြည့်ရှု့ နိုင်တယ်၊ ဒီလို အဖိုးတန်ရတနာသိုက်ကြီးကို စတင်တည်ထောင်ခဲ့တဲ့သူတွေကတော့ Larry Page နဲ့ Sergey Brin တို့ ပဲဖြစ်ပါတယ်၊ သူတို့ဟာ Google ကို စတင်တည်ထောင်စဉ်က စီးပွားရေးအတွက် ရည်ရွယ်ပြီး စတင်ခဲ့တာ မဟုတ်ပါဘူး ၊ ဒီသူငယ်ချင်းနှစ်ယောက် ဟာ Stanford University မှာ တတ်ရောက်နေတဲ့ ကျောင်းသား ၂ဦးပါ၊သူတို့ ၂ ဦးဟာ 1995 ခုနှစ်မှာ Standford Digital Library Project (SDLP) လို့ ခေါ်တဲ့ ပရောဂျက်တစ်ခုကို အတူတကွ ပြုလုပ်ခဲ့ကြပါတယ်၊ဒီပရောဂျက်ဟာ Basic HTML အသုံးပြုထားတဲ့ ကျောင်းတွင်း Data တွေကို အလွယ်တကူရှာဖွေနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်ပြီး စတန်းဖို့ဒ် ကျောင်းသားတွေ ကြားမှာ ရေပန်းစားလာခဲ့ပါတယ်၊သူတို့ ၂ ယောက်ဟာ ဒီအချိန်မှာပဲ သူတို့ ရဲ့ ပရောဂျက်ကို Update လုပ်ခဲ့ပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားခဲ့ကြပါတယ်၊
ကျောင်းတွင်း သုံးသာမက အင်တာနက် အသုံးပြုသူတွေပါ သုံးနိုင်တဲ့ google ကို 1995 သြဂုတ်လမှာ စတန်းဖို့ရဲ့ ၀က်ဆိုဒ်မှာ ဒိုမိန်းအနေနဲ့ google.stanford.edu အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး 1997 စက်တင်ဘာ 17 ရက်ရောက်မှ google.com အနေနဲ့ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ 1998 မှာ ကမ္ဘာတစ်ဝှမ်းမှ Google User တွေရဲ့ တခဲနက် ထောက်ခံမှုကို ရရှိခဲ့ပြီးတော့ Archie , Yahoo တို့ ကို ကျော်ဖြတ်ကာ အကောင်းဆုံး search engine အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်၊ အခုချိန်မှာတော့ Google ဟာ အအောင်မြင်ဆုံး နည်းပညာ Company တစ်ခုအနေနဲ့ ရပ်တည်နေပြီးတော့ Founder ၂ ယောက်ဟာလည်း နည်းပညာ နယ်ပယ်ထဲက အချမ်းသာဆုံး စာရင်းမှာ နံပါတ် ၄ နဲ့ ၅ နေရာကို ရရှိထားတာလည်းဖြစ်ပါတယ်၊
CD> Prospect Myanmar

Comments
Post a Comment